တောင်ငူမြို့၌ ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပြိုင်ပွဲ ကျင်းပ

တောင်ငူ ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် (၇) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ တောင်ငူခရိုင် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးမှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး  ပြိုင်ပွဲဝင်အသင်း (၅)သင်းက ယှဥ်ပြိုင်ကြသည်။

အဆိုပါ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်ရွတ်ဆိုပြိုင်ပွဲတွင် ဓမ္မာရုံသီလရှင်စာသင်တိုက်မှ စာချဆရာလေးနှစ်ပါးနှင့် ခရိုင်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးတို့က ဒိုင်အဖြစ်ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကာ ပထမဆုရရှိသည့် ရေတာရှည်မြို့နယ်အသင်းအား ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)