နောင်ချိုမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့

နောင်ချို  ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က  အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် ၁၀၀၀၀/-နှုန်းဖြင့် သုံးလစာ တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀/-ကို နောင်ချိုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီး ဘိုးဘွား(၃၀၇)ဦးအတွက် စုစုပေါင်းငွေကျပ် ၉၂၁၀၀၀၀/-အား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဟေသီဦးတို့က ဇွန်လ ၃၀ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ဘူတာရပ်ကွက်ရှိ အဘိုး(၁၃)ဦးနှင့် အဘွား(၁၉)ဦး စုစုပေါင်း(၃၂)အား လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့် သက်ကြီးဘိုးဘွားများအား  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက  လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထွေးငယ်(ပြန်/ ဆက်)