ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အင်ဂျင်စက်ပြင်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပ

ကျွန်းစု ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အင်ဂျင်စက်ပြင်သင်တန်းကို ဇွန်လ(၂၀)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ (၁၅)ရက်သင်တန်း ဖွင့်လှစ်သင်ကြားပြီးဖြစ်ရာ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဌေးကျော်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နှင်းသက်သက်ဝေက  သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများအား ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက သွေးလွန်တုပ်ကွေး‌ရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ကျွန်းစုမြို့တွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းနှင့်  အင်ဂျင်စက်ပြင်သင်တန်းစုစုပေါင်း (၂)ကြိမ် ဖွင့်လှစ်သင်ကြား‌ပြီးဖြစ်ကြောင်း၊ “နိုင်ငံတော်အစိုးရမှ အလေးအထားအကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” မြို့နယ်ကျေး/လက်ဦးစီးဌာနမှ သိရသည်။

ထက်မြင့်(ကျွန်းစု)