ကျောက်မဲမြို့ ပေါ်ရှိ စားသာက်ဆိုင်များအား တာဝန်ရှိသူများကွင်းဆင်း စစ်ဆေး

ကျောက်မဲ ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ စား‌သောက်ဆိုင်များ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစ၍ ကွင်း‌‌ဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်‌ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဌာနမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့ပေါ် စည်ပင်သာယာရေးနယ်နမိတ်အတွင်း ဖွင့်လှစ်ထားသည့် စား‌သောက်ဆိုင်များ စည်ပင်လိုင်စင်နှင့် ယစ်မျိုးလိုင်စင်များ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေး အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့‌ပေါ်တွင် ရပ်ကွက် ၉ ရပ်ကွက် ရှိပြီး ယနေ့တွင် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်ရှိ ဆိုင်များကိုစစ်‌ဆေး‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နိုင်ခဲ့ပြီး ကျန်ရပ်ကွက်များကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ ဆက်)