တောင်ဥက္ကလာပ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ကအမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းပေးရာတွင် ကလေးများအတွက် ရသစာအုပ်ပေါင်း(၂၅)အုပ်ကို ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ အားလပ်ချိန်တွင် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်စေရန်၊ စာဖတ်ခြင်းကြောင့် ဗဟုသုတ၊ အတွေးအခေါ်အမြော်အမြင်များ မြင့်မားလာစေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်အတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ နေ့ရက်အလိုက် အလှည့်ကျသွားရောက်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)