ကျုံပျော် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း ယာဉ်အန္တရာယ်လျော့နည်းကျဆင်းရေး၊ ဘေးကင်းလုံခြုံစွာသွားလာနိုင်စေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးအသိပညာပေးခြင်းကို ယမန်နေ့ကကျုံပျော်မြို့နယ်၊ အထောင်မြို့မြို့လယ်လမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများပူးပေါင်း၍ မော်တော်ဆိုင်ကယ် မောင်းနှင်သူများနှင့် စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်များပါရှိရေး၊ တုတ်၊ ဓါး၊ လက်နက်များယူဆောင်သွားလာမှု မပြုရေးတို့ကိုစစ်ဆေးပြီး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်း၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများအား ယာဉ်စည်း ကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများအားချပြ ရှင်းလင်းခြင်း၊ ထော်လာဂျီယာဉ်များအား ရောင်ပြန်စတစ်ကာများတပ်ရန် အသိပေးခြင်း၊ ယာဉ်တွင် ပါရှိရမည့် မီးများစုံလင်စွာ တပ်ဆင်ရေး အသိပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
ကျုံပျော်မြို့နယ်အတွင်း ယာဉ်စည်းကမ်းအသိပညာပေးမှုများကြောင့် ယာဉ်မတော်တဆမှု လျော့နည်းခဲ့ပြီး၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်သောကြောင့် အသက်အန္တရာယ် ထိခိုက်မှု အထူးနည်းပါးခဲ့ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)