ကန်ကြီးထောင့်မြို့နယ်တွင်ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကန်ကြီးထောင့် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင် ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ကန်ကြီးထောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ရည်ရွယ်ပြီး၊ ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ဆန် (၇၂) ပြည်၊ ဝက်သားတစ်ပိတ်ဿာလျှင် (၁၃၀၀၀) ကျပ်နှုန်းဖြင့် ဝက်သား (၂၀) ပိဿာ၊အမဲသား တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်နှုန်းဖြင့် အမဲသား (၁၅) ပိဿာ၊ ကြက်ဥ တစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး(၃၀၀)၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်နှုန်းဖြင့် ဘဲဥ အလုံး(၃၀၀)၊ ချည်ပေါင်ရွက်၊ ကန်စွန်းရွက်၊ သခွါး၊ ဗုံလုံ၊ ဟင်းသီးဟင်းရွက်များစသည်တို့အား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

မဇင် (ပြန်/ဆက်)