ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းဘေးလမ်း လောရှာချောင်း ရေတိုက်စား၍ မြေထိန်းနံရံတည်ဆောက်

ကာမိုင်း ဇွန် ၃၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းဘေးလမ်း လောရှာချောင်းရေတိုက်စား၍ မြေထိန်းနံရံ အရှည်ပေ (၁၅၀)၊ အနက်(၂)ပေနှင့် အမြင့်(၅)ပေ စတင် တည်ဆောက်ခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ထိုက်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြေထိန်းနံရံတည်ဆောက်ရာတွင် ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဘောလုံးကွင်းဘေးလမ်းအနီး လောရှာချောင်းသည် တောင်ကျချောင်းရေ စီးဆင်းလာပြီး မိုးရာသီတွင် ရေစီးသန်သဖြင့် ထိုလမ်းအား နှစ်စဥ် ရေတိုက်စားမှုကြောင့် လမ်းကမ်းပါးပြိုကျပျက်စီးခဲ့ရာ မြေထိန်းနံရံ တည်ဆောက်နိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဏာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း(၂၀)ဒဿမ (၄) တင်ပြ တောင်းခံခဲ့ရာတွင် ခွင့်ပြုချက်ရရှိခဲ့သဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ စတင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)