ဘိုကလေးမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ငါးမြစ်ချင်းများ ရောင်းချပေး

ဘိုကလေး ဇွန် ၃၀

ပြည်သူများစားဝတ်နေရေး ချောင်ချိသက်သာစေရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် (၈) နာရီ၌ ဘိုကလေးမြို့မဈေးကြီးအနီးရှိ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ရုံးခန်းရှေ့၌ ငါးမြစ်ချင်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ရောင်းချပေးရာတွင် ငါးမြစ်ချင်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ငါးပိဿာ(၄၀)အား ရောင်းချပေးခဲ့ပြီး ရောင်းချနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့မှသွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)