ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်

ကျိုင်းတုံ ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများ အဖွဲ့အား မတည်ရန်ပုံငွေကျပ် သိန်း ၂၀ ထောက်ပံ့ပေးသည်။ ထို့နောက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ) စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ရဲမှူးကြီးအေးသိန်းနှင့် တာဝန်ရှိသူများက  ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်း ၂၆ ဦးအား ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)