ပုဗ္ဗသီရိ ဇွန် ၃၀
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက ခရိုင်မီးသတ်ဦးစီးဌာနရုံး မြေကွက်လပ်၌ မဟော်ဂနီ၊ ကျွန်း၊ တမာ၊ ခရေ၊ စိန်ပန်း၊ ယင်းမာ၊ ကုက္ကိုလ်၊ မယ်ဇလီ၊ ငုရွှေဝါ၊ ပိတောက် စသည့် ပျိုးပင်ပေါင်း ၄၀၀ ကို စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးနေမှုအား နေပြည်တော်တိုင်း ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မိုးရာသီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် စိုက်ပျိုးခဲ့သည့်သစ်ပင်များ ဆက်လက်ရှင်သန် ကြီးထွားပြီး ရေရှည်တည်တံ့ ဖြစ်ထွန်း အောင်မြင်စေရေးအတွက် ထိန်းသိမ်း ပြုစုစောင့်ရှောက် သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)