ရွှေတောင်ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.က(ကူကြီး)ကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် အာဟာရ ဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက ကျောင်းသား/ကျောင်းသူများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ(၁၃၅)ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးခဲ့ပြီး တစ်လလျှင် ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(၁၀)ကျောင်းကို နို့ပိဿာချိန် (၁၅၀)ချိန် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း(ပြန် /ဆက်)