ပန်းတောင်းမြို့နယ်၌ (၁၀၁)နှစ်မြောက်သမဝါယမနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများသို့ ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နေခြည်လင်းရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ (၁၀၁)နှစ်မြောက်သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းသားများသို့ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)အချိန်က သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့စိုးမှအဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော အသင်းသူ၊အသင်းသား(၁၄)ဦးအား ထောက်ပံ့ငွေ (၂၆၀၅၅၀)ကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အသင်းအမှုဆောင်များနှင့် အသင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)