သတင်းများ

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဉီးစီးဌာနတို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာ မဟာဗောဓိဘုရားငါးဆူ သာသနာ့ရိပ်သာ၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်
Jul 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ လိုက်လံခတ်ပေး
Jul 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများခတ်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီတွင် အိမ်မဲကြီးရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့၌ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်​ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jul 02,2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီမှ မွန်းလွဲ (၁) နာရီထိ တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း" ကျင်းပ
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါသူနာပြုကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းနှင့်ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူရုံးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက် (၈) နာရီ အချိန်က အမှတ် (၂၆) ရပ်ကွက် အ.ထ.က (၃) စာသင်ကျောင်းဝင်းတွင် ဆောင်ရွက်ခဲ့ကြသည်
မုံရွာမြို့၌ ပါဠိဖတ်နည်းဆင့်ပွားသင်တန်း ဖွင့်လှစ်
Jul 02,2023
ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရှိ ဝန်ထမ်းများအား ပါဠိအသံထွက်နည်း၊ ပါဠိဖတ်နည်းများကို သိရှိစေရန်နှင့် ရေးတော့အမှန် ဖတ်တော့အသံ ဖတ်နည်းများ မှန်ကန်စေရန်တို့ ရည်ရွယ်ပြီး ပါဠိဖတ်နည်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မုံရွာမြို့ ရတနာအောင်မြေကျောင်းတိုက် ဆရာတော် ဦးတိဌဝရ၊ မုံရွာခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒေါ်သီတာစိုး၊ ခရိုင်ပညာရေးမှူး၏ဇနီး ဒေါ်ဝင်းဝင်းနှင့် သင်တန်းသူ (၂၄)ဦးတို့ တက်ရောက်ခဲ့ကြသည်။
လှည်းကူးမြို့နယ်၊ ဟိုင်းကူးကျေးရွာအုပ်စုတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်း
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၉ နာရီ က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိခဲ့သည့် ဟိုင်းကူးကျေးရွာအုပ်စု၊ ကြို့ကုန်းရာဘာခြံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းကို ကျင်းပပြုလုပ်သည်။