သတင်းများ

သုံးခွမြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Jul 02,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မြို့နယ်အဆင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ ယမန်နေ့နံနက် ၉နာရီ အချိန်က စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပူတာအိုမြို့နယ်ပညာရေး GEC သမဝါယမအသင်းလီမိတက်မှ  အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုးများပေးအပ်
Jul 02,2023
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပူတာအိုမြို့နယ် ပညာရေး GEC သမဝါယမအသင်းလီမိတက်မှနှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်ပြီး အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေ ပေါ်အတိုးများပေးအပ်ခြင်းကို ဇူလိုင်(၁)ရက် မွန်းတည့်(၁၂)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။
နမ္မတူတွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တုံတာမြို့တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jul 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များကို ဇူလိုင် ၁ ရက်​က တုံတာမြို့ပေါ်ရပ်ကွက်များတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၌  ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ကျင်းပ
Jul 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်သည့် ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော် ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှုး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှုး၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၇) ဖွင့်လှစ်ပို့ချခြင်းကို ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ရုံးတွင်ပြုလုပ်သည်။
မင်းဘူး(စကု)မြို့နယ်၌ နွားမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်သူများ နွားဈေးကောင်းရလို့ အဆင်ပြေ
Jul 02,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးနှင့် တွဲဖက်ပြီး နွားမွေးမြူရေး ခြံလုပ်ငန်းလုပ်ကိုင်သူများ နွားရောင်းဝယ်ရေးဈေးကွက်တွင် ဈေးကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း နွားမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Jul 02,2023
အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေး လုပ်ငန်းစဉ်များနှင့် ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများ၊ အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်းတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ မြန်မာစံချိန်စံညွှန်းများကို သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များမှ သိရှိနားလည်ပြီး ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အသုံးချလာနိုင်ရေး ရည်ရွယ်၍ စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည်။