ကာမိုင်း ဇူလိုင် ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီမှ မွန်းလွဲ (၁) နာရီထိ တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံရာတွင် ကာမိုင်းမြို့ မိခင်နှင့်ကလေးစောင်ရှောက်ရေးဌာနမှ ကျန်မားရေး၀န်ထမ်းများက မြို့ပေါ်ရပ်ကွက်/ကျေးရွာရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယိုကာကွယ်ဆေး၊ ၀မ်းလျှော၀မ်းပျက်ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်၊ ဂျိုက်သိုး တိုက်ကျွေးခြင်းနှင့် ကိုယ်၀န်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် မွေးစာရင်းထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)