သတင်းများ

မိုးကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Jul 01,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာနက ဇူလိုင်လ (၁)ရက်နေ့တွင်ကျရောက်သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် အဆိုပါဌာန၌ ယနေ့နံနက်(၉)နာရီတွင် ရောင်းချပေးကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jul 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက်တွင် မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များအား ဧပြီလ ၁၁ ရက်နေ့မှ မေလ ၃၁ရက်နေ့ ညစဉ် ၆နာရီမှ ၉ နာရီအထိ သင်ကြားပို့ချခဲ့ပြီး နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ည ၆ နာရီတွင် ကွန်ကျိုင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
မအူပင်မြို့တွင် ၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်ပွဲ စုဆောင်းငွေအတိုးပေးအပ်ပွဲကျင်းပ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၁၀၁ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကိုဂုဏ်ပြုသောအားဖြင့် စက်မှုစွမ်းအားငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး၊ ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်ပွဲနှင့် စုဆောင်းငွေအပေါ်အတိုး ပေးအပ်ပွဲအခမ်းအနားကို အမှတ် (၅) အလတ်စားစက်ပြင်ရုံ အစည်းအဝေးခန်းမတွင် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီကကျင်းပသည်။
ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင် စရိတ်နှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသား / သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဆွေးနွေး
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာရောင်းချ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ အသားများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သန့်ရှင်းလက်ဆတ်သော ဝက်သားများကို ပြင်ပပေါက်စျေးထက် သက်သာ သောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၇) နာရီက မြို့နယ် မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုခရိုင်တွင် ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 01,2023
ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီတွင် ကျိုက်ထိုမြို့ မြို့နယ် သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌ Grade-12 နှင့် Grade-9 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 01,2023
မကွေးတိုင်းဒေသကြီး‌၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ဆရာ၊ ဆရာမများ၏ ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးမြှင့်တင်ရန် ရည်ရွယ်၍ Grade-12 နှင့် Grade-9(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။