သတင်းများ

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
Jul 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဆရာ/ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနက (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ
Jul 02,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူတွင် ပန်ဟိုက်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပန်ဟိုက်ရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်များ ဝယ်ယူဖြန့်ဖြူးပေးအပ်ပွဲ ကျင်းပ
Jul 02,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းဒေသများတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းလုံကျေးရွာသို့ ဒေသကြက်(၅၀)ကောင် ဝယ်ယူဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ဝိန်းလုံကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ မြို့မရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့မရပ်ကွက်လမ်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
မြန်အောင်မြို့မ နေခြည်စျေး၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate )ဆေးခတ်ခြင်း ဆောင်ရွက်
Jul 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊မြို့မနေခြည်စျေး၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate)ဆေးခတ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
ချောက်မြို့နယ်၌ အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဥ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ
Jul 02,2023
မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ပညာ​​ရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူး​ပေါင်းဖွင့်လှစ်​သော အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဥ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယ​မန်နေ့နံနက် ၈ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်း​ကျောင်းရှိ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့သည်။