လှည်းကူးမြို့နယ်၊ ဟိုင်းကူးကျေးရွာအုပ်စုတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်း

လှည်းကူး ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၉ နာရီ က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိခဲ့သည့် ဟိုင်းကူးကျေးရွာအုပ်စု၊ ကြို့ကုန်းရာဘာခြံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းကို ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်းရရှိသော ဟိုင်းကူးကျေးရွာအုပ်စု ကြို့ကုန်းရာဘာခြံကျေးရွာနေ ပြည်သူများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခဲ့ကာ ကျေးရွာကြီးကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)