မုံရွာမြို့၌ ပါဠိဖတ်နည်းဆင့်ပွားသင်တန်း ဖွင့်လှစ်

မုံရွာ ဇူလှိုင် ၂

ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရှိ ဝန်ထမ်းများအား ပါဠိအသံထွက်နည်း၊ ပါဠိဖတ်နည်းများကို သိရှိစေရန်နှင့် ရေးတော့အမှန် ဖတ်တော့အသံ ဖတ်နည်းများ မှန်ကန်စေရန်တို့ ရည်ရွယ်ပြီး ပါဠိဖတ်နည်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မုံရွာမြို့ ရတနာအောင်မြေကျောင်းတိုက် ဆရာတော် ဦးတိဌဝရ၊ မုံရွာခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၏ဇနီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒေါ်သီတာစိုး၊ ခရိုင်ပညာရေးမှူး၏ဇနီး ဒေါ်ဝင်းဝင်းနှင့် သင်တန်းသူ (၂၄)ဦးတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို မုံရွာမြို့ ရတနာအောင်မြေကျောင်းတိုက် ဆရာတော် ဦးတိဌဝရနှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ် ဘုရားကန်တော့ရွတ်ဆို၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး သင်တန်းနည်းပြ ဆရာတော် ဦးတိဌဝရက သင်တန်းသူ (၂၄) ဦးအား သင်တန်းကာလ တစ်ရက်ကြာ ပါဠိဖတ်နည်းများအား အသေးစိတ်ရှင်းလင်းပိုချပေးခဲ့ပြီး သိရှိလိုသည့် မေးမြန်းလျှောက်ထားမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)