ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း" ကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါသူနာပြုကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စကားဝိုင်းကျင်းပရာ၌ လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတက်ပညာ အရည်အချင်းများဖြင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်နှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် အသိပညာများကို လူငယ်များဝိုင်းဖွဲ့ကာ မျှဝေကာပြောဆိုတတ်စေရန် ယခုလို လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်နှင့် သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိခင်စောမူတို့က ဦးဆောင်ကာ ညှိနှိုင်းရေးမှူး (Moderator) များ အဖြစ်ဆောင်ရွက်၍ ဆွေးနွေးပြောကြားသူ Speaker များအဖြစ် သူနာပြု‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သော မောင်ရဲသီဟ (ပထမနှစ် Junior) က လူငယ်နှင့်အားကစားခေါင်းစဥ်၊ မယုယုသွင် (ပထမနှစ်Senior) လူငယ်နှင့်စာပေ၊ မခိုင်ဆုရည်(ဒုတိယနှစ်) လူငယ်နှင့်စာရိတ္တ၊ မမြတ်ကေခိုင်(တတိယနှစ်) လူငယ်နှင့်အနာဂတ်၊ မအင်ကြင်းဇော်(တတိယနှစ်) လူငယ်နှင့်ကျန်းမာရေး‌ အစရှိခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားပေးခဲ့ပြီး သူနာပြုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိခင်စောမူက ကျေးဇူးတင်စကား‌ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ (၅)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့် မြို့နယ်မှဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာမှအကြီးအကဲများ၊ သူနာပြုနှီးနွယ်ကွင်းဆင်း လေ့ကျင့်သင်တန်း‌ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြရာ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)