Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါ ယမနေ့အခမ်းအနားတက်ရောက်
Jul 02,2023
(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့နယ် လေဘေးသင့် တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ထောက်ပံ့သော မျိုးစပါးများ ရောက်ရှိဖြန့်ဝေ
Jul 02,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လေဘေးသင့် တောင်သူများ၏ စပါးစိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်ကထောက်ပံ့သော မျိုးစပါးများ ပထမအကြိမ်အဖြစ် GW11 နှင့် နှံကောက်အမျိုးအစား မျိုးစပါးတင်းပေါင်း ၁၀၄၆၂ တင်းကို စစ်တွေမြို့မှ ရသေ့တောင်မြို့သို့ ကုလားတန်(၆) ရေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့နံနက် ၇နာရီ ၃၀ မိနစ်က ရောက်ရှိလာသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး လူသုံးကုန် ဆပ်ပြာရည်၊ ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ပုသိမ်မြို့၌ ကျင်းပ
Jul 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် လူသုံးကုန်ဆပ်ပြာရည်၊ ဆပ်ပြာခဲပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းအစည်းဝေးခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ တမာပျိုးပင်များ ပေးအပ်ပွဲ ကျင်းပ
Jul 02,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ တမာပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ထောက်ရှာပင်ကျေးရွာအုပ်စု၊ ရွှေတပင်ပျိုးဥယျာဉ်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများက ဘူးသီးတောင်-မောင်တောသွားရာလမ်းနှင့် မြို့ပေါ်ရပ်ကွက်လမ်းမတစ်လျှောက် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု ကြည့်ရှုခြင်းနှင့် ကုလားတန်(၃)ရေယာဉ်ဖြင့်လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပစ္စည်းများကြည့်ရှုစစ်ဆေး
Jul 02,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၇း၃၀)အချိန်က ဘူးသီးတောင်မောင်တောသွားရာ လမ်းမကြီးပေါ်ရှိ လက်ဝဲဒက်ပြင်ရှည် အုပ်စုဂန္ဓမာကျေးရွာရှေ့လမ်းမပေါ်၌ ကျေးရွာသူ/ကျေးရွာသားများ လမ်းဘေးဝဲ/ယာရှိ အမှိုက်များ၊ ခြုံနွယ်၊ ပေါင်းပင်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အနောက်ရပ်ကွက်၊ မေယုလမ်းတစ်လျှောက်နှင့် ရွာမကျေးရွာအုပ်စု အိုး/အိမ်ဝန်ထမ်း အိမ်ယာရှေ့ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေမြောင်းများ တူးဖော်နေခြင်းအား တပ်မတော်သားများ၊
အပြည့်အစုံ ဖတ်ရန်
(၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားအား ပုသိမ်မြို့၌ ကျင်းပ
Jul 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်၌ မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၈)နာရီ အချိန်က ဘုရင့်နောင်ရပ်ကွက်ရှိ အမှတ်(၁၉) အခြခံပညာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10681
Page
10682
Page
10683
Page
10684
Current page
10685
Page
10686
Page
10687
Page
10688
Page
10689
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department