တိုက်ကြီး ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဉီးစီးဌာနတို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို တိုက်ကြီးမြို့နယ် သနပ်ချောင်းကျေးရွာ မဟာဗောဓိဘုရားငါးဆူ သာသနာ့ရိပ်သာ၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဉီးစီးဌာန ဉီးစီးအရာရှိ ဉီးချမ်းသာမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေ ပြည်သူစုစုပေါင်း (၃၅၀) ဦးတို့ တက်ရောက်ကြပြီး အမြင့် ၂ ပေ နှင့်အထက်ရှိ ကျွန်းပင် (၁၅၀) ပင်၊ ပျဉ်းကတိုး (၁၅၀)ပင်၊ ပိတောက် (၁၅၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်နှင့် မန်ဂျန်းရှား (၉၅၀)ပင် စုစုပေါင်းပျိုးပင် (၁၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးကြသည်။
တိုက်ကြီးမြို့နယ် သစ်တောဉီးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ကျွန်း (၄၀၀၀)ပင်၊ ပျဉ်းကတိုး (၇၀၀၀)ပင်၊ ပိတောက် (၂၀၀၀)ပင်၊ ပျဉ်းမ (၃၀၀၀)ပင်၊ မဟော်ဂနီ (၄၀၀၀)ပင်၊ မန်ဂျန်းရှား (၄၉၀၀၀)ပင်၊ ခရေ (၅၀၀)ပင်၊ ကံ့ကော် (၅၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း (၇၀၀၀၀) အား လသာကုန်းပျိုးဉယာဉ်၊ ဇီးပင်ဆိပ်ပျိုးဉယျာဉ်နှင့် ဖလုံပျိုးဉယျာဉ်များတွင် ပျိုးထောင်ထားရှိပြီး ပြည်သူများစိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)