ညောင်တုန်း ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစန်းမြင့်တို့က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဖြစ်ပေါ်လာပုံနှင့် ကမ္ဘာတွင် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် မြန်မာနိုင်ငံ သမဝါယမဆက်စပ်နေမှုများ၊ သမဝါယမအခန်းကဏ္ဍ၊ မြို့နယ်သမဝါယမလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများစသည့် သမဝါယမလုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)