သတင်းများ

နမ္မတူတွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Jul 02,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော သမဝါယမထွက်ကုန်ပစ္စည်းများရောင်းချ
Jul 01,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ရက် ယနေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ်ခမ်ကျေးရွာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်
ငပုတောမြို့ မြောက်ပိုင်းရပ်ကွက်ရှိ နတ်လျှင်နောင်လမ်းအား ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှု
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့ မြောက်ပိုင်းရပ်ကွက်ရှိ နတ်ရှင်နောင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား  ယနေ့နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးကျော်သူ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဦး ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်းနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးသည်။
နမ္မတူတွင် Grade-9/Grade-12 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 01,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် Grade-9/Grade-12 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့သည်။
ပူတာအိုမြို့၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် သမဝါယမအသင်းစုမှ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
Jul 01,2023
၂၀၂၃ ခု နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သည့်  (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပူတာအိုမြို့နယ် သမဝါယမအသင်းစုမှ ပူတာအိုမြို့နယ် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၆)နာရီမှစတင်၍ ပူတာအိုမြို့ မြို့မဈေး(နံနက်ဈေး)တွင် ရောင်းချပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားဘူတာရပ်ဝန်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ ပန်းမြို့တော်စီမံကိန်းဖြင့် လမ်းဘေးဝဲ/ယာ အရိပ်ရအလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး
Jul 01,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာ ယာလှပပြီး စနစ်ကျ လူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးနှင့် ရာသီအလိုက် ပန်းအလှပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြေနေစေရေးအတွက် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဘူတာ ရပ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
ဓနုဖြူမြို့နယ်တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာရောင်းချ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က အမှတ်(၉)ရပ်ကွက်၊ မြဧရာဆောင်ရွက်မှု သမဝါယမအသင်းလီမိတက်ရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် မိုးရာသီကာလ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလက်တွေ့ သရုပ်ပြ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးရာသီကာလ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် လက်တွေ့သရုပ်ပြမှုကို ယနေ့နံနက် ၉ နာရီက ဧရာဝတီ ဟင်္သာတဘက်ကမ်းတာ တာမိုင် (၄၆/၄) မရမ်းချောင်းရေကင်းစခန်း၌ ပြုလုပ်ခဲ့သည်။