ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းနှင့်ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

ဒဂုံတောင် ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူရုံးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက် (၈) နာရီ အချိန်က အမှတ် (၂၆) ရပ်ကွက် ..က () စာသင်ကျောင်းဝင်းတွင် ဆောင်ရွက်ခဲ့ကြသည်

မိုးရွာသွန်းပြီး ခြင်ပေါက်ပွားမှုများပြားလာခြင်းကြောင့် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးနှင့် ငှက်ဖျား ရောဂါကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းနှင့် ကျောင်းစာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းများပြုလုပ်ခဲ့ပြီး ကျန်ရှိသောနေသော စာသင်ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)