သတင်းများ

နတ်စမ်းခေတ်မီစံပြကျေးရွာ၌ ပါတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာရေး စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ
Jul 01,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ရုံးမှ ဦးဆောင်၍  နတ်စမ်းခေတ်မီစံပြကျေးရွာ၌ သဘာဝဘေးအန္တရာယ် ကာကွယ် ရေးနှင့်ပါတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉နာရီက ဘိန်းဗျောကျေးရွာ အုပ်စုရှိ နတ်စမ်း ခေတ်မီစံပြ ကျေးရွာဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ (Biometric  Data) ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိသည်။
ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 01,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယနေ့နံနက် ၈နာရီက မြို့ပေါ်ရပ် ကွက်များ၌ ကွင်းဆင်းဆောင်ရွက်‌ ပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အခွန်လွတ်စျေးဖွင့်လှစ်ရောင်းချပေး
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်း စားသောက်ကုန် များကိုစျေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများအားစျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် အခွန်လွတ်စျေးအား ယနေ့ နံနက် ၇ နာရီက အမှတ် (၁၃) ရပ်ကွက်၊ ဆရာစံလမ်း၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
တောင်ကုတ်မြို့နယ်၌ ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမအသင်းမှ ကတ္တီပါဖိနပ်နှင့်ဖိနပ်မျိုးစုံ ထုတ်လုပ်ရောင်းချနေမှု ကြည့်ရှုစစ်ဆေး
Jul 01,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကြယ်တံခွန်ရောင်းဝယ်ရေးသမဝါယမအသင်းမှ နန်းအိကတ္တီပါဖိနပ်နှင့် ဖိနပ်မျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိရာ ဇွန် ၃၀ နေ့ ညနေပိုင်းက မြို့နယ်သမဝါယဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မောင်ရီနှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် တည်ပင်တဲကျေးရွာ တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
Jul 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တည်ပင်တဲကျေးရွာအုပ်စု တည်ပင်တဲကျေးရွာတွင် လျှပ်စစ် ဝါယာကြိုးလျှော့ဖြစ်ရာမှ လောင်ကျွမ်းသည်ဟု တာဝန်ရှိသူများကယူဆသည့်၊ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဇူလိုင် (၁) ရက်နေ့ နံနက် (၈:၁၀) နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကြက်ခြေနီအသင်းခွဲငယ်များအား အသိပညာပေးဟောပြောပွဲနှင့် အသင်းခွဲငယ်အစည်းအဝေး ပြုလုပ်
Jul 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ အခြေခံပညာကျောင်းများ ကြက်ခြေနီအသင်းခွဲငယ် ဖွဲ့စည်းထားပြီးသော ကျောင်းများတွင် “ကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲ”ကို သာပေါင်းမြို့နယ်၊ သဗြုငူကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနှင့် ရေစမ်းကျေးရွာများရှိ အခြေခံပညာအလယ်တန်းကျောင်းများတွင် ဇွန်လ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့သည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို) စာတမ်းဖတ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jul 01,2023
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို) စာတမ်းဖတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre Lashio) တွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။