ကြံခင်း ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့မရပ်ကွက်လမ်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်သော အဘိတ်(Abate)ဆေးခတ်ရာတွင် ဒေသနေပြည်သူများ ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရပ်ကွက်များအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်း ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားနိုင်ပြီး ရေတင်ကျန်နိုင်သော ဘူး၊ ခွက်များ၊ ပန်းအိုး၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများ၊ ရေအိုးများအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး နေအိမ်လမ်းများသို့ အဖွဲ့များခွဲကာ ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)