ကွန်ဟိန်း ဇူလိုင် ၂
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းဒေသများတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းလုံကျေးရွာသို့ ဒေသကြက်(၅၀)ကောင် ဝယ်ယူဖြန့်ဖြူးပေးအပ်ပွဲကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ဝိန်းလုံကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထိန်မင်းက ယခုဝယ်ယူဖြန့်ဖြူးပေးသော ဒေသကြက်များအား စနစ်တကျ ဂရုစိုက်ပြီး မွေးမြူခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး မိသားစုဝင်ငွေ တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းအတွက် ကောင်းမွန်စေသော အခြေအနေများဖြစ်ပါကြောင်း၊ စတင်မွေးမြူခြင်းမှ ကြက်ကောင်ရေများ ပိုမိုတိုးတက်လာမှာဖြစ်ပြီး ဆက်လက်ပြီး မွေးမြူခြင်း၊ အချို့ကြက်များကို ရောင်းချနိုင်ခြင်းတို့ ပြုလုပ်နိုင်သည်ဖြစ်၍ ဝင်ငွေများ တိုးပွားလာစေမှာဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထိန်မင်းတို့က ဒေသကြက် (၅၀)ကောင် မွေးမြူရန် ဝိန်းလုံကျေးရွာရှိ ရွေးချယ်ထားသည့် အိမ်ထောင်စု(၁၀)စုမှ တစ်အိမ်ထောင်စုလျှင် ဒေသကြက်(၅) ကောင်စီ မွေးမြူရန် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)