ချောက် ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဥ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူး ဦးသန်းဝင်းက ကြက်ခြေနီသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ နေ့စဥ် နံနက် ၈ နာရီမှ ၁၁ နာရီအထိ နည်းပြဆရာ (၅)ဦးမှ (၄)ရက်တာ ကျောင်းပိတ်ရက်စနေ၊ တနင်္ဂနွေနေ့များဖြစ်သည့် ဇူလိုင်လ ၁ ရက်၊ ၂ ရက် ၈ ရက်နှင့် ၉ ရက်နေ့များတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သူ စုစုပေါင်း ၄၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)