နမ္မတူတွင် ပန်ဟိုက်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

နမ္မတူ ဇူလိုင် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပန်ဟိုက်ရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ()နာရီအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် ရှေ့ဦးစွာ ပန်ဟိုက်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ သဘာပတိကြီး ဦးအောင်ဆန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး နမ္မတူမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီထွန်းက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းအမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအားလည်းကောင်း၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းစာရင်းအားလည်းကောင်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်း၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၏ အသင်းစာရင်းစစ် အစီရင်ခံစာအားလည်းကောင်း အသင်းတာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်သွင်းခဲ့ရာ သဘာပတိကြီးမှ အတည်ပြုချက်ရယူပေးခဲ့သည်။

အစည်းအဝေးသို့ ဌာနဆိုင်ရာဝန်ထမ်ထမ်းများ၊ အသင်းသူအသင်းသားများနှင့် ဖိတ်ကြားထားသောဧည့်သည်များ စုစုပေါင်း ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း ပန်ဟိုက်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌဦးအောင်ဆန်းမြင့်ထံက သိရသည်။

လူမော် (ပြန်/ဆက်)