ဒလ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၈)နာရီ အချိန်က ဘုရင့်နောင်ရပ်ကွက်ရှိ အမှတ်(၁၉) အခြခံပညာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
မိုးရွာသွန်းပြီး ခြင်ပေါက်ပွားမှုများပြားလာခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းနှင့် ကျောင်းစာသင်ခန်းများအား ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသောနေသော စာသင်ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဇော်(ပြန်/ဆက်)