ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများက ဘူးသီးတောင်-မောင်တောသွားရာလမ်းနှင့် မြို့ပေါ်ရပ်ကွက်လမ်းမတစ်လျှောက် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု ကြည့်ရှုခြင်းနှင့် ကုလားတန်(၃)ရေယာဉ်ဖြင့်လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပစ္စည်းများကြည့်ရှုစစ်ဆေး

ဘူးသီးတောင် ဇူလိုင် ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၇း၃၀)အချိန်က ဘူးသီးတောင်မောင်တောသွားရာ လမ်းမကြီးပေါ်ရှိ လက်ဝဲဒက်ပြင်ရှည် အုပ်စုဂန္ဓမာကျေးရွာရှေ့လမ်းမပေါ်၌ ကျေးရွာသူ/ကျေးရွာသားများ လမ်းဘေးဝဲ/ယာရှိ အမှိုက်များ၊ ခြုံနွယ်၊ ပေါင်းပင်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အနောက်ရပ်ကွက်၊ မေယုလမ်းတစ်လျှောက်နှင့် ရွာမကျေးရွာအုပ်စု အိုး/အိမ်ဝန်ထမ်း အိမ်ယာရှေ့ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေမြောင်းများ တူးဖော်နေခြင်းအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (၃)မှ ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၃၂၀)ဦးခန့် စုပေါင်းပြီး အမှိုက်ကောက်ခြင်း၊ ခြုံနွယ်/ ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နေသည်ကို လှည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်ရှိ ဝေနေယျသုခပရဟိတစာသင်ကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမျှော်ကာ ဝေနေယျသုခပရဟိတကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူ/ကျောင်းသားများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသည်ကို ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော်ကြီးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ကျောင်းသူ/ကျောင်းသားများနှင့် တွေ့ဆုံ၍ ပညာသင်ကြားချိန်တွင် ပညာကို စိတ်ဝင်တစား သင်ယူမှတ်သားကြရန် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိလာစေရန် အားပေးစကားများပြောကြားကာ ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်စွက်စာအဖြစ် နေ့လယ်စာတစ်နပ်ကို အသား၊ ဟင်းများဖြင့် ကျွေးမွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ရသေ့တောင်မြို့မှ ဘူးသီးတောင်မြို့သို့ ကုလားတန် (၃)ရေယာဉ်ဖြင့်လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရန်ရောက်ရှိလာသော ထောက်ပံ့ပစ္စည်းများဖြစ်သည့် ဆန် (၇၁၉)အိတ်၊ အသင့်စားဆန် (၁၆၄၈)ထုတ်၊ ဆန်(၆)ပြည် အိတ်(၄၇)အိတ်နှင့် သစ်(၆၆.၄၄)တန်တို့ကို မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဂိုဒေါင်သို့ တပ်မတော်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(၃)မှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်း၊ ပြည်သူလူထုများ၊ စုစုပေါင်းအင်အား (၁၂၀)ဦးဖြင့် သယ်ယူပို့ဆောင်နေမှုကို ကြည့်ရှုကာ အားပေးစကားမျာပြေားပြီး မြို့နယ်ဖွင့်ဖောက်စစ်အဖွဲ့မှ စိစစ်လက်ခံနေခြင်းအား စနစ်တကျဖြစ်စေရေး၊ လေလွင့်မှုမရှိစေရေးနှင့် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အချိန်မီ ဖြန့်ခွဲပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)