မင်းဘူး(စကု)မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ တမာပျိုးပင်များ ပေးအပ်ပွဲ ကျင်းပ

မင်းဘူး ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ တမာပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ထောက်ရှာပင်ကျေးရွာအုပ်စု၊ ရွှေတပင်ပျိုးဥယျာဉ်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက တမာပျိုးပင်များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပျိုးပင်ပေးအပ်ပွဲကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ခရိုင် လ.ဝ.ကမှူး ဦးစောနိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်တို့က အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅၀ အား ပျိုးပင် ၁၉၅၀၀ ပင်၊ ဌာနဆိုင်ရာများ၊ ကျောက်မီးသွေးကုမ္ပဏီနှင့် အ.ထ.က (၁) မင်းဘူး၊ အ.ထ.က (စကု)တို့အား ပျိုးပင် ၅၅၀၀ ပင်တို့အား ပေးအပ်ခဲ့ရာ တမာပျိုးပင်စုစုပေါင်း ၂၅၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)