စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါ ယမနေ့အခမ်းအနားတက်ရောက်

မုံရွာ ဇူလိုင် ၂

(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့၌ သမဝါယမအကြောင်း အသိပညာပေးမှုများအား တိုးမြှင့်လုပ်ဆောင်ရန်နှင့် နိုင်ငံတကာ စည်းလုံး ညီညွှတ်ရေး ရည်မှန်းလှုပ်ရှားဆောင်ရွက်ခဲ့ရာ အချိန်တိုအတွင်း စီးပွားရေးအကျိုး ဖြစ်ထွန်းမှု၊ တန်းတူညီမျှမှုနှင့် ကမ္ဘာကြီးငြိမ်းချမ်းပြီး သာယာဝပြောမှုများအား အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝန်းကျင်းပလာခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး သမဝါ ယမကဏ္ဍအနေဖြင့် မြို့နယ်ပေါင်း ၃၅ မြို့နယ်၊ သမဝါယမအသင်း ပေါင်း ၅၂၉၃ သင်း၊ အသင်း သားပေါင်း ၄၆၁၇၁၀ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။

လက်ရှိကာလတွင် သမဝါယမနှင့် ကျေးလက်စသည့် ဆက်စပ်ဌာနများပေါင်းစပ်၍ ကျေးရွာ တစ်ရွာချင်းအား စံပြကျေးရွာ (Smart Village)အဖြစ် စံပြသမဝါယမအသင်း ၁ သင်း ရွေးချယ်ကာ လယ်ယာဝန်ဆောင်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်နိုင်ရန် စက်ကိရိယာများအား တန်ဖိုး၏ ၅၀ % ထောက်ပံ့ပေးခြင်းစနစ်ဖြင့် ဆောင်ရွက်ပေးခြင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် အလားအလာရှိသည့် သမဝါယမအသင်းများ စီစစ်ရွေးချယ်ပြီး နိုင်ငံ့စီးပွား မြင်တင်ရေးရန်ပုံငွေ ချေးငွေလည်ပတ်သုံးစွဲခြင်းဆိုင်ရာ လုပ်ငန်းစီမံကိန်းများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်ပေးရေး (Pilot Project) ရှေ့ပြေး စမ်းသပ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ကျေးလက်နှင့်မြို့ပြနေ အခြေခ ပြည်သူများ၏ ဘဝများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သမဝါယမ ဦးစီးဌာနနှင့် သမဝါယမအသင်းစုများမှလည်း ပြည်သူများ၏လူမှုဘ၀ အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုး တိုးတက်ရေးအား သမဝါယမကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော် က (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အတွက် အပြည်ပြည်ဆိုင်ရာ သမဝါယ မအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr Ariel Guarco ပြောကြားသည့် အမှာစကားအား ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် သမဝါယမဦးစီးဌာနမှဝန်ထမ်းသားသမီး ၃ ဦးထံ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုဆု လက်မှတ်များအား ပေးအပ်ချီးမြှင့်ပြီး (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုသီချင်း Video Click အား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်