တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတား တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုနှင့် ရေမြောင်းများတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုလမ်းဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြား ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား (Jetty) အလျား(၅၃၀)ပေ တည်ဆောက်ပြီးစီးမှု၊ ဥမ္မာဒန္တီဆိပ်ခံတံတားနှင့် ဗိုလ်မြတ်လေးဆိပ် ခံတံတားအကြားတွင် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား(၂၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ဆက်လက်လက်ဆောင်ရွက်မည့် အခြေအနေများအား လိုက်လံရှင်းလင်း တင်ပြခဲ့သည်။