သတင်းများ

သံတောင်ကြီးဒေသထွက် ရာသီစာမျှစ်များဝယ်လိုအားကောင်းခြင်းကြောင့်မိသားစုအပိုဝင်ငွေရရှိ
Jul 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်ကြသည်။ မိုးတွင်း အချိန်တွင် သဘာဝအတိုင်း အလေ့အထပေါက်သည့် ရာသီစာမျှစ်များ ဝယ်လိုအားကောင်းခြင်းကြောင့် ဒေသခံပြည်သူများက လိုက်လံချိုးယူရောင်းချရာ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (ဒုတိယပညာသင်ကာလ) အပတ်စဉ်သုတေသန စာတမ်းဖတ်ပွဲကျင်းပ
Jul 06,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (ဒုတိယပညာသင်ကာလ) အပတ်စဉ်ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
ငွေဆောင်မြို့ သဇင်ကျေးရွာအုပ်စု အ.ထ.က(ခွဲ) သဇင်ကျောင်း၌ GBP (NGO) အဖွဲ့မှ ဆင်နှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
Jul 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ) သဇင်ကျောင်းတွင် ယမန်နေ့ နေ့လည်၌ ကျောင်းသား/သူများအား GBP(NGO)အဖွဲ့မှ ဆင်နှင့် ပက်သက်၍ အသိပညာပေး ပြောကြားခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွာလုကျေးရွာ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ  အသင်းသားများအား One Village One Product  လုပ်ငန်းစီမံချက် ချေးငွေများ ပေးအပ်
Jul 06,2023
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် One Village One Product လုပ်ငန်းစီမံချက် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၃)နာရီက ဝါးလက်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာရှိ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများအား ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း ဖွင့်လှစ်
Jul 06,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း (၁/၂၀၂၃) ကို မြိတ်မြို့မြန်အောင်ရပ်ရှိ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းမတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်း များအား ကွင်းဆင်းစစ်ဆေး
Jul 06,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပလာစေရေး အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးဦးနှမ်းများအောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းရန် မျှော်လင့်
Jul 06,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလ ၁၄ရက်နှင့် ၁၅ ရက်များတွင် မိုခါမုန်တိုင်းကြောင့် ရွာသွန်းခဲ့သည့် မိုးဖြင့်စိုက်ပျိုးခဲ့သော မိုးဦးနှမ်းများ အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းရန် မျှော်လင့်နေကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ရွှေလံဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းနှင့်သင်တန်းပြုလုပ်
Jul 06,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်းပုံစံများ နှင့်လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန် ရွှေလံဘိုကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။