သတင်းများ

ကာလိမြို့၌ (Biometric Data)  ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်
Jul 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data)  ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နေ့လည် (၁၂) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် စားသောက်ကုန်အမှတ်တံဆိပ်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 06,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန် အမှတ်တံဆိပ်များအား ရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အ.ထ.ကတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို၊ ယနေ့ နံနက်(၁၁)နာရီက၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ဖရုံသီးစျေးကောင်းရသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများပြားလာ
Jul 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာနေ တောင်သူ ဦးနိုင်ဝင်း၏ ယာခင်း၌ ဖရုံသီးများစျေးကောင်းရရှိနေသဖြင့် ထပ်မံ စိုက်ပျိုးထားကြောင်း သိရသည်။
ထန်းတပင်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းအကြောင်းဆွေးနွေး
Jul 06,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် မိုးစပါးစီမံကိန်းအကြောင်းဆွေးနွေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင်လ (၅) ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များဖြစ်ပေါ်လာစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 06,2023
မိတ္ထီလာပညာရေးဒီဂရီကောလိပ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များ ဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲနှင့် ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့ကျစေရေး အသိပညာပေးကမ်ပိန်းကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကောလိပ်ရှေ့ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးနှင့် ပညာပါရမီ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ဒေသထွက် နာနတ်သီးများလှိုင်လှိုင်ပေါ်ပြီဖြစ်သဖြင့် ဈေးအနည်းငယ်ကျဆင်း
Jul 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် စဉ့်အင်ကျေးရွာအနီးတွင် အဓိကစိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများ လှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်သဖြင့် ဈေးကွက်အတွင်း ဈေးအနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။
မန်ကန်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မန်ကန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပခဲ့သည်။