သံတောင်ကြီး ဇူလိုင် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်းပုံစံများ နှင့်လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန် ရွှေလံဘိုကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) မိတ်ဆက်ရှင်းခြင်းနှင့် စာရင်းဇယာများ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းနိုင်ရန်နှင့် ကျေးလက်ဉပဒေများ သိရှိစေရန်ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ရှင်းလင်းပို့ချပေးခဲ့ပြီး သင်တန်းတွင် သဲပျော်အထက်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) မတီဝင်များက တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ