ငွေဆောင် ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ) သဇင်ကျောင်းတွင် ယမန်နေ့ နေ့လည်၌ ကျောင်းသား/သူများအား GBP(NGO)အဖွဲ့မှ ဆင်နှင့် ပက်သက်၍ အသိပညာပေး ပြောကြားခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ) သဇင်ကျောင်းတွင် ကျောင်းသား/ သူများအား GBP (NGO) အဖွဲ့မှ ဦးစည်သူ ဦးဆောင်သော (၄)ဦးအဖွဲ့မှ ဆင်နှင့် ပက်သက်၍ အသိပညာပေးခြင်း၊ တောဆင်နှင့် တွေ့ဆုံပါက ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောအသိပညာပေးခြင်း၊ လျှပ်စစ်ခြံစည်းရိုးအကြောင်း အသိပညာပေး ဟောပြောခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
R – 014( ငွေဆောင်)