သတင်းများ

ချမ်းမြသာစည်မြို့နယ်တွင် (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jul 06,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင်ဇွန်လ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 06,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူတမ္ပခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တောင်ကုတ်မြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jul 06,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပြည်နယ်စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီက တောင်ကုတ်ခရိုင် အဘေကျေးရွာရှိ THANTWE MARINE PRODUCT CO.LTD မှ ဆောင်ရွက်လျက်ရှိသည့် ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အမရပူရမြို့နယ်အတွင်းရှိ မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာမြက်များ စိုက်ပျိုးထားမှု ကွင်းဆင်းစစ်ဆေး
Jul 06,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် မိုးရာသီ၌မြစ်ရေကြီးခြင်း၊ မိုးများခြင်းတို့ကြောင့် နှစ်စဥ်တိရစ္ဆာန်များအတွက် အစာအခက်အခဲဖြစ်ပေါ်နေမှုများကို ဖြေရှင်းနိုင်ရန်အတွက် သာယာအေးကျေးရွာ တောင်သူဦးကံစိန်၏ မြေ (၃) ဧကပေါ်တွင် စိုက်ပျိုးထားသည့် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက်များ ဖြစ်ထွန်းနေမှုကို ဇူလိုင်လ ၄ ရက်နေ့၊ နံနက်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အမရပူရမြို့နယ်ရှိ ကွင်းအမှတ် (၅၈၀)၊ ဦးပိုင်အမှတ် (၁၅က/၁) နွေစပါးစံကွက်ရိတ်သိမ်း၊ စပါးအစို (၁၄၆) တင်းကျော် ထွက်ရှိ
Jul 06,2023
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံတော်ကချမှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ မိုးစပါး တစ်ဧက တင်း(၁၀၀) အထက် ထွက်ရှိရေး၊ နွေစပါးတစ်ဧက တင်း (၁၂၀) အထက် ထွက်ရှိရေးအတွက် စံပြကွက်များ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ၊ ကွင်းအမှတ် (၅၈၀)၊ ဦးပိုင်အမှတ် (၁၅က/၁) တောင်သူဦးစောကိုသိန်း၏ (ရွှေသွယ်ရင်) စံပြစိုက်ခင်းကို ရိတ်သိမ်းရာ နွေစပါးအစို (၁၄၆) တင်းကျော် ထွက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင် ဗိုဗီနမ်အားကစားအဖွဲ့နှင့် ဖူဆယ်အားကစားသမားများအား တွေ့ဆုံ
Jul 06,2023
ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့သွား ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး ဗိုဗီနမ်အားကစားအဖွဲ့နှင့် ဖူဆယ်အားကစားသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jul 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 06,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် ဒေါက်တာ မတင်ဝင်း ရေးသားထားသော အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။