တနင်္သာရီမြို့တွင် အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွား (၂၄၂)ဦးအား လူမှုရေးပင်စင် (၃)လစာအတွက် ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်
Jul 05,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွား (၂၄၂)ဦး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်လအတွက် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၃ခုနှစ်၊ (ဧပြီ၊ မေ၊ ဇွန်) (ပထမ) (၃)လပတ်အတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ငွေလွဲပြောင်းပေးအပ်ပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။