မိုးမိတ်မြို့နယ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွား(၂၁)ကောင်အား ဒုတိယအကြိမ် လက်ဆင့်ကမ်းဖြန့်ဖြူး
Jul 06,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ကွမ်းတောအင်း ကျေးရွာတွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွား(၂၁) ကောင်အား ဒုတိယအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက နွားမွေးမြူမည့် ကျေးရွာနေ ဒေသခံတောင်သူ (၁၀) ဦးထံသို့ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။