ပခုက္ကူ ဇူလိုင် ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (ဒုတိယပညာသင်ကာလ) အပတ်စဉ်ဘာသာရပ်ဌာနများ၏ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
စာတမ်းဖတ်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဆင့်မြင့် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရေး၊ တက္ကသိုလ်ဂုဏ်အင်္ဂါကို မြှင့်တင်ပေးမည့်သုတေသနစာ တမ်းကောင်းများပိုမိုထွက်ပေါ်လာစေရေး၊ အစဉ်သင်ယူလေ့ လာတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာနမှ နည်းပြဒေါ်အေးချမ်းမွန်က “Ponyegyi Cuising of Pakokku”၊ သမိုင်းဌာနမှ နည်းပြဒေါ်ထားသက်နွေက “Anti-Imperialist Movement of Pakokku Township in the Colonial Period (1886-1948)၊ မြန်မာစာဌာနမှ နည်းပြ ဒေါ်သဲစုခိုင်က “ခင်ခင်ထူး၏ ကျေးတစ်ရာရသစာစုများမှ ရပ်ဓလေ့ရွာဓလေ့များ” စသည့်သုတေသနစာတမ်းများ အသီးသီးဖတ်ကြားကြပြီး တက်ရောက်လာကြသည့် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများအပေါ် သက်ဆိုင်ရာစာတမ်းရှင်များအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ (ဒုတိယပညာသင်ကာလ) သုတေသနစာတမ်းဖတ်ပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းများကိုလည်းကောင်း၊ အပတ်စဉ်သောကြာနေ့တိုင်းတွင် သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းများကိုလည်းကောင်း ပြုလုပ်ပေးလျက်ရှိပြီး ဖတ်ကြားပြီးသည့် စာတမ်းများမှ သုတေသနစာတမ်းကောင်းများကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)