မိုးမိတ် ဇူလိုင် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ကွမ်းတောအင်း ကျေးရွာတွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွား(၂၁) ကောင်အား ဒုတိယအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက နွားမွေးမြူမည့် ကျေးရွာနေ ဒေသခံတောင်သူ (၁၀) ဦးထံသို့ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဖြူးရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်က ကျေးရွာနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး စီးပွားရေးကုစားပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် ဖြန့်ဖြူး ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် နွားမွေးမြူမည့် တောင်သူ(၁၀)ဦးထံသို့ တာဝန်ရှိသူများက ဒေသနွား (၂၁) ကောင်အား လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ပထမအကြိမ် ဒေသနွား(၂၁)ကောင်အား မွေးဖြန့်စနစ်ဖြင့် ၂၀၂၀ ခုနှစ်က အိမ်ထောင်စု (၁၀)သို့ ပေးအပ်ခဲ့ရာ သုံးနှစ်အကြာ ယခု ၂၀၂၃ ခုနှစ်တွင် အကျိုးအမြတ်(၃၅)ကောင် တိုးပွားခဲ့ကြောင်း ယခု ထပ်မံ၍ အိမ်ထောင်စု(၁၀)စုအား တစ်အိမ်ထောင်လျင် နွား(၂)ကောင်နှုန်း တန်ဖိုးအားဖြင့် တစ်ဆယ့် လေးသိန်း ထပ်မံဖြန့်ဖြူးခြင်းဖြစ်ကြောင်းနှင့် အခြားမွေးမြူလိုသူများထံသို့လည်း မွေးဖြန့် စနစ်ဖြင့် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်ဟု မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ မြင့်ဇော် ပြောကြားခဲ့သည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)