သတင်းများ

(၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ်
Jul 07,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူး နေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှ ရရှိသော စာပေ၏ အကျိုးကျေးဇူးအကြောင်းများ သိရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ၌ မိုးစပါးစိုက် တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်
Jul 07,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် တောင်သူလယ်သမားများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး၊ လူမှုစီးပွားဘဝ တိုးတက်လာစေရန်နှင့် လယ်သမားကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန် အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါးစိုက်တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဇုတ်သုတ်ကျေးရွာရှိ နည်းပညာ ပြန့်ပွားရေစင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူတက္ကသိုလ်၌ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူမှုဆောင်ရွက်
Jul 07,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးဝင်းသန်းနှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူ ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် တောင်ငူတက္ကသိုလ်၌ ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နားလွယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်
Jul 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် စံဖိတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ နံနက် (၉)နာရီက အသိ ပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jul 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သာအေးဒေါင့်ကျေးရွာအုပ်စု၊ သာအေးဒေါင့်ကျေးရွာ၊ သီတာရုံကျောင်းတိုက်တွင် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
တိုင်းဒေသကြီးအဝင် ပန်တိုင်ယာဉ် စစ်ဆေးရေးဂိတ်၌ ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးဆောင်ရွက်
Jul 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ တိုင်းဒေသကြီးအဝင် ပန်တိုင် ယာဉ်စစ်ဆေးရေး ဂိတ်၌ ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးခြင်းကို ယ‌နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ သည်။
သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Jul 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း (Women Club) တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jul 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။