တန့်ယန်းမြို့နယ်တွင် ပန်းအလှပြင် ဝါသနာရှင်များအတွက် ပန်းအလှပြင် သင်တန်းဖွင့်လှစ်

တန့်ယန်း ဇူလိုင် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပန်းအလှပြင် ဝါသနာရှင်များအတွက် ပန်းအလှပြင်ဆင်ခြင်း ရက်တိုသင်တန်းကို ဇူလိုင်လ ၆ ရက်နေ့က မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်၌ ဖွင့်လှစ်ပို့ချပေးသည်။

အဆိုပါ ပန်းအလှပြင် ဝါသနာရှင်များအတွက် ပန်းအလှပြင်ဆင်ခြင်း ရက်တိုသင်တန်းကို ပြင်ဦးလွင်မြို့မှ ပန်းဝါသနာရှင် ဒေါ်နန်းလောဝ်ဝီးခမ်း၏ အကျိုးဆောင် ကူညီမှုဖြင့် ပန်းအလှပညာရှင် ကိုကျော်ဆန်း (ဖိုးထောင်)မှ မြို့နယ်အတွင်းရှိ ပန်းအလှပြင်ဝါသနာရှင်များအား မိမိအိမ်နှင့်ဧည့်ခံပွဲများ၊ မင်္ဂလာပွဲများ၊ အခမ်းအနား များတွင် ပန်းအလှဆင်ခြင်း အတတ်ပညာကို ဇူလိုင်လ ၆ ရက်နှင့် ၇ရက် နှစ်ရက် စေတနာဖြင့် အခမဲ့လေ့ကျင့်သင်ကြားပေးခြင်းဖြစ်‌ကြောင်း သိရသည်။

မင်းလွင်ဦး