မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကလေးများ ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

မြောင်းမြ  ဇူလိုင် ၆

ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ကလေးများ စာဖတ်ရှိန် မြင့်မားစေရေးအတွက် ဉာဏ်ရည်မြင့်မားလာ‌စေမည့် ပြိုင်ပွဲများ ဖြစ်သည့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ မြန်မာစာစွမ်းရည် ပြိုင်များကို ယမန်နေ့ မွန်းလွဲ ၃:၀၀နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား/သူများ စာဖတ်ရှိန် မြင့်မားလာစေပြီး စာပေဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ပြီး သွက်လက်ထက်မြက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး မူလတန်းအဆင့်‌ ကျောင်းသား/သူတို့က စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ ပြည်သူများ စာအုပ်စာပေ ချစ်မြတ်နိုးတက်လာစေရန်၊ စာဖတ်ရှိန် မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ပြပွဲ၊ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်းများ၊ နယ်လှည့်စာငှားခြင်း တို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)