ပေါင်းတည်မြို့နယ်၌ အသက်၂ လ မှ ၁ နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ပေါင်းတည် ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၌ အသက် ၂ လ မှ ၁ နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက်ပိုင်းက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုသည် မွေးစက အသည်းရောင် အသည်းဝါ (ဘီ) မထိုးနှံခဲ့ရသော အသက်၂ လ ကလေးများအပါအဝင်၊ အသက်၂ လ၊ ၄ လနှင့် ၆ လ၊ ကလေး များကို ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော( ရိုတာ )၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)နှင့် ငါးမျိုးစပ် ကာကွယ်ဆေးများ၊ ၉ လ အရွယ်ကလေးများကို ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများနှင့် ၁ နှစ်ခွဲကလေးများကို ငါးမျိုးစပ်ကာကွယ်ဆေးများကို ပုံမှန်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ယနေ့တွင်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၌ အသက် ၂ လ အရွယ်မှ ၁ နှစ်ခွဲ အထိ စုစုပေါင်း ကလေး ၅၅ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၄၅ ဦးတို့ကို ပုံမှန်ကာကွယ်များထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သူရကြီး( ပြန်/ဆက် )