မိုးမိတ်မြို့နယ်တွင်  မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

မိုးမိတ် ဇူလိုင် ၆  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာအုပ်စု ကွမ်းတောအင်းကျေးရွာရှိ ကျေးရွာတွင်းမြေသားလမ်းအား မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးခဲ့ရာ အဆိုပါလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများက ယနေ့ နံနက် ၁၁ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လမ်းသည် လက်ခုပ်ပင်ကျေးရွာအုပ်စု ကွမ်းတောအင်းကျေးရွာရှိ ကျေးရွာတွင်းမြေသားလမ်းဖြစ်ကာ  (၅ .၆ .၂၀၂၃) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး အရှည် ၇၅၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိပြီး မှ ကွန်ကရစ်လမ်းအဖြစ်  အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  မြစိမ်းရောင် စီမံကိန်း အတိုးရငွေ ကျပ် (၁၇)သန်း ၊ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ကျပ် (၁.၅၃)သန်းတို့ဖြင့် မတည် ဆောင်ရွက်ခဲ့ကာ စုစုပေါင်းကုန်ကျငွေမှာ ကျပ် (၁၈.၅၃)သန်း ဖြစ်ပြီး အိမ်ထောင်စု (၁၃၃) အိမ်ထောင်စု၏ လူဦးရေ (၅၈၅) ဦး တို့အတွက် အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)